မင်္ဂလာပါခင်ဗျာ..လာရောက်လည်ပတ်သူများကို ဆည်းဆာသံစဉ်မှ ၀မ်းမြောက်လို့  ၀မ်းသာစွာ ကြိုဆိုပါတယ်...။

"ဆည်းဆာသံစဉ်ဖွင့်ပွဲ အလှူ"

Filed under: by: ဆည်းဆာသံစဉ်

"မင်္ဂလာပါခင်ဗျာ"

ဒီနေ့ ဟာ ကျွန်တော်ဝေမင်း နဲ့  သူငယ်ချင်းမင်းခန့် တို့  နှစ်ယောက်ပေါင်းပြီးတော့ စုစည်းတင်ဆက်တဲ့ "ဆည်းဆာသံစဉ်" ဘလော့ ( ခ် ) လေး ဖွင့်ပွဲ အလှူမှာ ဘုန်းကြီးဆွမ်းကပ်ပြီး လာရောက်လည်ပတ်သူများကို မြန်မာထမင်း ၊ ဟင်းလျာများ စုံလင်စွာနဲ့  ဧည့်ခံကျွေးမွေးပါတယ်ခင်ဗျာ.....။ :)
အ၀သာ သုံးဆောင်သွားကြပါဗို့ ......။ ဘုန်းကြီးလည်း ပြန်ကြွသွားပါပြီ .....။ လာရောက်လည်ပတ်သူများ ၀င်ရောက်သုံးဆောင်ကြပါခင်ဗျာ.....။ အောက်မှာ အားလုံးအဆင်သင့် ပြင်ဆင်ပြီးပါပြီ ခင်ဗျာ......။ လူမိုးမရွေး ၊ ဘာသာမရွေး သုံးဆောင်နိုင်ပါတယ်.....။ အ၀သာသုံးဆောင်ကြပါ အားမနာနဲ့ ဗို့ .....။


ကဲ.....အားလုံးအ၀ သုံးဆောင်ပြီးကြပြီဆိုရင်တော့ သတိပေးအနေနဲ့ အောက်ကကဗျာလေး တပုဒ်လောက်ဖတ်ပြီး သတိတော့ထားဗို့ .....:D ....။

အလှူဘလော့(ခ်)သွား
ကျွေးတာစား ဟင်းလျာစုံလင်တော့
အ၀စား ဗိုက်ကားလို့ တော့ဝပါရဲ့ .....။
ဘေးမှာချထား ဖိနပ်ကား
သူများမလို့  ပါသွားလေရဲ့ ......ဆိုတာလေးများ မဖြစ်ရအောင် သတိတော့ထားကြပါဗို့ .....:mrgreen: ...။ ဘာဖြစ်လို့ လည်းဆိုတော့ ဖိနပ်မမယ့် သူတွေ အဆင်သင့် စောင့်နေလို့ ပါဗို့ ......:mrgreen: :mrgreen: :mrgreen: ...။

အခုလို လာရောက်လည်ပတ်သူများ သူငယ်ချင်းများ အားလုံးကို ကျွန်တော်တို့ ရဲ့  " ဆည်းဆာသံစဉ်" ဘလော့(ခ်)လေး မှ အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ.....။ နောင်ကိုလည်း အမြဲလာလည်ကြဖို့  ဖိတ်ခေါ်ပါတယ် ခင်ဗျာ.....။ လာရောက်လည်ပတ်သူတွေ သူငယ်ချင်းတွေအတွက် အကောင်းဆုံးဖြစ်အောင် အရင်က " အရိုးသားဆုံး " ( ဝေမင်း ) နဲ့  " နှောင်းဝဿန် " ( မင်းခန့်  ) တို့ က ကြိုးစားတင်ဆက်မှာ ဖြစ်ပါတယ်ခင်ဗျာ.....။ :)

( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်..... ဝေမင်း......)

0 comments: