ကြည်နူးမူ ကောင်းကင်အောက်က
သံယောဇဉ်လေးတွေနဲ့ အတူ
အနမ်းလေးတခုမှ အချစ်စစ်
ပန်းလေးတပွင့် ပွင့်ခဲ့စေသော်......
လောကရဲ့  နိယာမတွေထဲမှာ
တကယ်ပျော်ခဲ့တဲ့ငါဟာလေ
မေတ္တာဖြင့် ဆင်သလို
ခင်မင်မူ့ တွေနဲ့  ဖက်တွယ်
အကြင်နာဖြင့် ဖလှယ်ရင်း
ရှင်သန်ချင်း အဆင့်ဆင့်ဖြင့်
နှလုံးအိမ်မှတဆင့် အချစ်ပန်း
ထာဝရလေး ပွင့်လန်းလာပြီပဲ.........
အချစ်စစ်တွေဖြင့် ဆက်နွယ်လို့ 
ဘ၀မောတွေ ဖယ်ချရင်း
ရောင်နီးဦးရဲ့ တောက်ပခြင်း
အလင်းသစ်တွေနဲ့  ဖက်တွယ်ကာ
ကိုယ်ရဲ့ မြတ်နှိးမူ့  ဒဏ္ဍရီမှာ
ကောင်းမြတ်ခြင်းတွေနဲ့  အတူ
ထာဝရ ကွန်းခိုပါ မိန်းကလေးရယ်..........။
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်..... ဝေမင်း......)
စိန်ဂေါ်လီတစ်ယောက် – ၂ (စိုင်းဝင်းမြင့်)
7 years ago
4 comments:
ကဗျာလှလှလေးကိုခံစားသွားပါတယ်။ အချစ်စစ်ဆိုတာ... အင်းအချစ်စစ်ပေါ့လေ။
တားတားရော လာနေလို့ မရဘူးလား.. ကောင်မလေး ပဲလား..
အဟီးးး
်ချစ်လို့ စတာ....။
ကဗျာ နုနုလေး တွေ ဖတ်ရတာ အဆင်ပြေပါတယ်..။
အနမ်းလေးတခုမှ အချစ်စစ်
ပန်းလေးတပွင့် ပွင့်ခဲ့စေသော်......
တကယ်ကောင်းတဲ့ စာသားလေးပါပဲ ကိုဝေမင်းရေ
အချစ်ဆိုတာကလည်း အင်း.....
ရောင်းဈေး ၁၅၀၀ +++
အချစ်ဆိုတဲ့အရာကို
နှလုံးသားအိုထဲမှာထဲ့
သဝန်တိုစိတ်ရှိတဲ့မီဖိုပေါ်မှာတင်
သောကမီးနဲ့ချက်
အရသာကတော့ ရင်ကွဲပက်လက်
ရောင်းဈေးကတော့ ၁၅၀၀ ပါ
ဒါလည်းဝယ်စားတဲ့ လူတွေက ၁၀၀ မှာ ၁၀၁ ယောက်
ကိုလည်းပါတာဘဲ .............................
နတ်လူမုန်း
ခတ္တ ငရဲပြည် ( မနေချင်တဲနေရာ )
ထာဝရ နတ်ပြည် ( နေချင်တာလည်းပါ )
နေရတာလူပြည် ( သေချင်တယ် )