လွမ်းတဲ့စိတ်လေး အိမ်ပြန်ပြေးသလို
ကိုယ်က အိမ်မပြန်နိုင်ဘူး...။
မရှိလို့ တောင်းတမိခြင်းတွေရဲ့  ညွှန်းစေရာမှာ
တိုက်ကြီးတာကြီး မြို့ ပြကြီးထဲ
အသက်ရူကကျပ်တယ်...။
ရွှေမမက်ပါဘူး ဆိုပေမယ့်
သခင်မက်တဲ့ ရွှေအိမ်မက်ထဲ
အကျဉ်းကျနေတဲ့ ငှက်တကောင်လို
တစ်ချိန်က လေချင်သလိုလေခဲ့ဘူးတဲ့
ကောင်းကင်ပြင်ကြီး ပြန်တမ်းတပြီး
လွမ်းဖျား၊လွမ်းနာကျတော့မှ
တစ်ခါတစ်ခါ ဆေးခန်းရောက်နားခွင့်ရတော့တယ်....။
ဆရာဝန်ကြီးရယ် ကျနော်ကို
အိမ်ဆေးတလုံးလောက် ထိုးပေးပါ...
အိမ်မက်ချိုချိုထဲ သောကကင်းကင်း
အိမ်စက်ချင်လို့ .....။
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်..... ဝေမင်း......)
စိန်ဂေါ်လီတစ်ယောက် – ၂ (စိုင်းဝင်းမြင့်)
7 years ago
2 comments:
ကဗျာလေးက ခံစားချက်ပါလွန်းလို့ သုံးခေါက်ဖတ်သွားပါတယ်။ အဟိ ဥာဏ်မမှီတာလည်းပါတယ်။ ပျော်ရွှင်ပါစေ။
ခံစားချက်ချင်းတူ အလွမ်းချင်းလည်း တူနေပါတယ်ရှင်။
ပျော်ရာမှာမနေရ တော်ရာမှာနေရဆိုသလိုပဲ အိမ်ဆေးခန်းလေးမှာ ခဏတာပြန်ခိုနားပြီး အချိန်တန်တော့လဲ ဒီသံသရာထဲ ပြန်ဝဲလည်ရပြန်ပြီပေါ့..။ သခင်မက်တဲ့ ရွှေအိပ်မက်က အနေခက်စေတော့လည်း ရွှေမမက်ပေမယ့် ဂလေရွက်လိုပဲ လေနှင်ရာလွင့်နေကြရမှာပဲ ဝေမင်းရေ..။