ဒီကဗျာလေးဟာ ကျွန်တော်အရင်က သူငယ်ချင်း ( နှောင်းဝဿန် )ကို ရေးပေးခဲ့ဘူးတဲ့ ကဗျာလေးပါ...။ အခုတော့ ကျွန်တော်တို့  နှစ်ယောက် ပေါင်းပြီးရေးနေပြီဆိုတော့...ဒီကဗျာလေးကို ပြန်လည် တင်ပြ လိုက်ပရစေခင်ဗျာ...။ ဖတ်ပြီးသား သူငယ်ချင်းတွေလည်း နောက်တခေါက် ဖတ်ပေးပါ....ဟီးဟီး...။ မဖတ်ရသေးတဲ့ သူငယ်ချင်းတွေလည်း ဖတ်သွားကြပါအုံးခင်ဗျာ....။
မျကိစိကိုမှိတ် နားကိုပိတ်ရင်း
မွန်းကျပ်နေတဲ့ စိတ်အစဉ်ရဲ့ 
ရင်ထဲက ပေါက်ကွဲသံ အခို့ မှာ
နှင်းစက်တွေ ငိုခဲ့ဘူးတယ်....။
ရေပြင်ကို ဖြတ်တိုက်လာတဲ့လေက
ဘယ်သူမှ ဆေးဖော်ကြောဖက်မလုပ်လို့ 
အပြန်လမ်းမှာ ငါ့ပခုံးထက်.....မှီလိုက်ပရစေတဲ့ ..။
နူတ်မဆက်ပဲ ပြေးထွက်သွားသူကြောင့်
မိုးရွာတဲ့ညလေးတွေမှာ ရွေ့နေတဲ့စိတ်က
နိစ္စဓူဝလူပ်ရှားရုန်းကန်နေရတဲ့...........နှလုံးသားနဲ့ 
ကဗျာရေးတာ ၀ါသနာပါတဲ့ငါဟာ......
မင်းမုန်းတဲ့ အလွမ်းအဆွေးကဗျာတွေ
ရေးနေတုန်းပဲ....ချစ်သူ......။
{ ဝေမင်း }
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်..... ဝေမင်း......)
စိန်ဂေါ်လီတစ်ယောက် – ၂ (စိုင်းဝင်းမြင့်)
7 years ago
1 comments:
good တယ်