တနေ့ ထက်တနေ့  တရက်ပြီးတရက် ရက် ၊ လ ၊ နှစ် တွေ ပြောင်းလာတာနဲ့ အမျှ နည်းပညာတွေလည်း ယနေ့  ကျွန်တော်တို့  ကမ္ဘာကြီးမှာ တိုးတက်လျှက်ရှိပါတယ်....။ လူတွေ ပြောနေကြသလို ရွာကြီးတရွာလို ဖြစ်လာတဲ့ ကျွန်တော်တို့  ကမ္ဘာကြီးထဲမှာ နည်းပညာ တိုးတက်လာတဲ့အမျှ အင်တာနက် အသုံးပြု သူတွေဟာလည်း များပြားလာပြီး Gmail ၊ Yahoo mail ၊ Hot mail ၊ မေး ( လ် ) ပေါင်းများစွာကိုလည်း လူတိုင်းလိုလို အသုံးပြုကြပါတယ်...။ အဲဒီိလို အသုံးပြု သူတွေရဲ့  မေး ( လ် ) တွေကို မေး ( လ် ) အသုံးပြုသူ ပိုင်ရှင်ဆီက password မတောင်းပဲ ( သို့  ) ခွင့်ပြုချက် မရပဲ software တွေ နည်းပညာတွေ သုံးပြီး တိတ်တဆိတ် ဖွင့်လို့  ရမယ်ဆိုတဲ့ နည်းလမ်းဆိုရင် လူတော်တော် များများ စိတ်ဝင်စားလေ့ ရှိပါတယ်...။ အဲဒီထဲလို စိတ်ဝင်စားတဲ့ အထဲမှာ ကျွန်တော်တယောက်လည်း ပါဝင်တယ် ဆိုရင် မမှားဘူးပေါ့ဗျာ...။ ဒါပေမယ့် ဘာရယ်တော့ မဟုတ်ပါဘူး..။ တခြားသူတွေကိုလည်း ဟက်ချင်တဲ့ စိတ်ကူး မရှိပါဘူး...။ ကိုယ့်ချစ်သူ မေး ( လ် ) ကိုယ်ပြန် ဟက်ကြည့်ချင်လို့ ပါ....ဟီး..ဟီး....။
ဒါကြောင့်လည်း ၀က် (ဘ် ) ဆိုက်တွေရဲ့  ဖိုရမ်တွေနဲ့  ဘလော့ (ခ် )ဂါ တခို့  တင်းပေးထားတဲ့  software တွေ နည်းလမ်းတွေကို စမ်းသုံးကြည့်ပါတယ်...။ ဘာတခုမှ အဆင်မပြေပါဘူး...။ အဆင်မပြေတဲ့  အပြင် ကိုယ့်မေး(လ်)ပါ နှစ်ခါ ဟက်ခံလိုက်ရသေးတယ်...။ ကျွန်တော်ဟာ ကျွန်တော် အသုံးပြုတဲ့ မေး(လ်)တွေကို နေ့ တိုင်းလိုလို IP address စစ်ဆေးဖြစ်ပါတယ်...။ ဒါကြောင့်လည်း သိတာပါ ။ ဘယ်နေရာက သူတွေဆိုတာတော့ မဖော်ပြ လိုတော့ပါဘူး...။ မေး(လ်)ကို လာပြီး ဟက်သူတွေကိုတောင် ကျေးဇူးတင်ရမလိုပါပဲ..။ ဘာဖြစ်လို့ လည်း ဆိုတော့ password မပြောင်း သွားကြလို့ ပါပဲ...။ ပြီးတော့ ကျွန်တော် ကွန်ပျူတာ စပြီးကိုင်ချိန်မှာ ကွန်ပျူတာ အခြေခံကို သင်ပေးသူတယောက်က ပြောသွားဘူးတဲ့ စကားလေးကိုလည်း ပြန်သတိရမိပါတယ်...။ သူပြောသွားတာကတော့ ကွန်ပျူတာ အသုံးပြုတယ် ဆိုတာ မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့  အတူတူပဲတဲ့ ...။ အင်တာနက် ချိတ်ဆက်ထားခြင်း မရှိတဲ့ ကွန်ပျူတာဟာ တောနက်ထဲမှာ ဆောက်ထားတဲ့ အိမ်တလုံးနဲ့ တူတယ်..။ အင်တာနက် ချိတ်ထားတဲ့ ကွန်ပျူတာကတော့ ရပ်ကွက်ထဲမှာ ဆောက်ထားတဲ့ အိမ်နဲ့  တူတယ်..။ ဒါကြောင့် တောထဲကအိမ်ဟာ ခိုးမယ့်သူ မရှိလို့  သော့မခတ်လည်း ရတယ်...။ ရပ်ကွက်ထဲက အိမ်ကတော့ သော့ခတ်ဖို့  ၊ ဂျက်ချဖို့ လိုတယ်....။ တကယ် လုံခြုံမူ့  မရှိရင် အချိန်မရွေး သခိုးဆိုတာ ၀င်လာနိုင်တယ်...။ ဒါကြောင့် မင်းဟာ ကွန်ပျူတာ အသုံးပြုတော့မယ် ဆိုရင် ဒါတွေကို သိထားဖို့  လိုတယ်လို့  ပတ်ဝန်းကျင်နဲ့  နိုင်းယှဉ်ပြီး ပြောသွားခဲ့ဖူးတာကို သတိရမိပါတယ်...။ တကယ်တော့ ဟက်ကာ ဆိုတာ နာမည်ကောင်း ရထားတဲ့ စကားလုံးပါ...။
အင်္ဂလိပ် - မြန်မာ အဘိဓာန် များမှာ " ဟက်ကာ " ၏ အဓိပ္ပာယ်ကို ဒီလို ဖွင့်ဆိုထားကြပါတယ် ။ Hack ( လမ်းကြောင်း ) ခုတ်ထွင်သည် ။ သိမ်းကူံးကန်သည် ။ Hacker ( comp :) ကွန်ပျူတာ နည်းပညာကို အသုံးပြုကာ မိမိနှင့် မသက်ဆိုင်သော အခြား ကွန်ပျူတာမှ အချက်အလက်များကို ၀င်ရောက်ကြည့်သူ နှောင့်ယှက် ဖျက်ဆီးသူ ၊ ရယူသူ ၊ ခိုးယူသူဟု ဆိုထားကြပါတယ်....။ နောက်ပြီး အဘိဓါန် အများစုမှာလည်း Hacker ကို အဓိပ္ပါယ် နှစ်မိုး ဖွင့်ဆိုထားကြပါတယ်...။
(၁) ကွန်ပျူတာ သို့ မဟုတ် နည်းပညာ ( ဆော့ဖ်ဝဲ (သို့ ) ဟာ့ဒ်ဝဲ ) မှာ အလွန်ဆိတ်ဝင်စားသူ ၊ ပြဿနာ များကို ဖြေရှင်းချင်သူ ၊ ၀ါသနာကြီးသူ ၊ ပရိုဂရမ် ရေးဆွဲသူ....စသည်
(၂) သူတပါး၏ ကွန်ပျူတာ စနစ်ထဲသို့  တရားဝင် ခွင့်မရသော်လည်း ကြိုးစားဝင်သူ ၊ ၀င်ရောက်မွှေနှောက် ကြည့်ရူသူလို့  ဆိုထားကြတာကို တွေ့ ရပါတယ်....။
ဒီနေရာမှာ ကျွန်တော် ဖတ်ခဲ့ဘူးတဲ့  hacker တွေအကြောင်း နည်းနည်း လောက်တင်ပြပရစေ...။
မိုက်ကရိုဆော့(ဖ်) ကုမ္ပဏီကို တည်ထောင်ခဲ့သူ Bill Gates ဟာ ဟက်ကာ တဦး ဖြစ်ခဲ့တယ်လို့  ဆိုပါတယ်..။ 1975 ခုနှစ် နောက်ပိုင်းမှာ တဦးချင်းသုံးနိုင်တဲ့ ကွန်ပျူတာ ပေါ်ပေါက်ခဲ့ပါတယ် ။ အမေရိကန်နိုင်ငံ ဆိလီကွန် တောင်ကြားအရပ်က Homebrew Computer club မှာ ကွန်ပျူတာ ၀ါသနာရှင်တွေ တော်တော် စုဝေးမိကြပါတယ်..။ သူတို့ ဟာ ဟက်ကာများ ဖြစ်ကြပါတယ် ။ အဲဒီထဲကမှ Steve jobs နဲ့ Steve Woznaiak တို့ သည် အထူးခြားဆုံး ဟက်ကာများဖြစ်ကြပါတယ် ...။ သူတို့ နှစ်ဦးကြောင့် Apple ကွန်ပျူတာ ကုမ္ပဏီ ပေါ်ပေါက်ခဲ့ တာပါ..။ တကယ်တော့ ဟက်ကာ ဆိုတဲ့ စကားလုံးကို MIT ( Massachusetts Insti -tute of Technology ) ရဲ့  artifical in- telligence lad ကစပြီးသုံးခဲ့ပါတယ်...။ ထိုအချိန်များက ကွန်ပျူတာ စက်များသို့  ပရိုဂရမ်များကို ဒီဇီုင်းထုတ် ထည့်ပေးတဲ့ အထူးကျွမ်းကျင်သူ ပညာရှင်များကို ဆိုလိုပါတယ်...။
၁၉၇၀ ပြည့်နှစ်မှာ အမေရိကန်နိင်ငံသား John T .Draper ( ၁၉၄၄ ခုနှစ်မွေး ) က အဝေးပြော တယ်လီဖုန်းများကို ငွေကုန်ကျခြင်းမရှိပဲ Captain Crunch လို့  အမည်ရထားတဲ့ စက်ကလေးတလုံးကို တီထွင်ကာ လျှို့ ဝှက်ဆက်သွယ်ပြောဆိုခဲ့ပါတယ်..။ အဲဒါကို ဖမ်းမိခဲလို့  phone hackers ( phreaks ) ဆိုတဲ့ စကားလုံး ခောတ်စားခဲ့ပါတယ်...။ ကွန်ပျူတာခောတ် ရောက်တော့ hacker ပေါ့ဗျာ...။
ဆိုးဝါးတဲ့ နာမည်ကို ရခဲ့တဲ့ ဟက်ကာကတော့ Jonethan James ပါ...သူ့ သည် အသက် (၁၆ )နှစ်အရွယ်မှာ အဖမ်းခံရပါတယ်...။ နာဆာနဲ့  ကာကွယ်ရေးဝန်ကြီး အေဂျင်ဆိတို့ ရဲ့  server များမှ ညွှန်ကြားချက်များကို အွန်လိုင်းကနေ ထုတ်ယူခဲ့တယ်လို့ ဆိုပါတယ်...။ ဒါပေမယ့် အဆိုချည်းပဲတော့မဟုတ်ပါဘူး...။ အပြုသဘောနဲ့ လုပ်ဆောင်ချက်များလည်း ရှိနေတတ်ကြပါတယ်...။ ပြီးတော့ black hacker နဲ့  white hacker ခွဲခြားထားတယ်လို့  ဆိုပြီး...တခို့ ကလည်း hacker မှာ ခွဲခြားထားခြင်းမရှိဘူးလို့ လည်း ပြောနေကြပါတယ်...။ ဖော်ပြပါ ခွဲခြားထားတာကတော့ black hacker သည် သူတပါးရဲ့  network တွေက တစ်ဆင့် PC . workstation . server ထဲကို နည်းလမ်းအသွယ်သွယ် ၊ ၀င်ပေါက် အမိုးမိုးကနေ ၀င်ရောက် ထိုးဖောက်ကြပြီး လိုချင်တဲ့ သတင်းအချက်အလက်များကို ခိုးယူခြင်း ၊ ဘဏ် ငွေစရင်းများကို ကြည့်ခြင်း စသည့် ကိုယ်ကိုးအတွက် ပြုလုပ်ကြ တာပါ...။ white hacker မှားကတော့ black hacker များ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ခြင်းများကို ပြုလုပ်ကြပါတယ်...။ white hacker များသည် အများ အကိုးစီးပွား အတွက် မိမိ ပညာနဲ့  ကာကွယ်ပေးရတာကို ၀ါသနာပါသူတွေလို့ ဆိုထားပါတယ်...။
ဒါကြောင့်သာပဲ နည်းပညာ ၀ါသနာ ပါသူတွေနဲ့  ဟက်ကာ လုပ်ချင်နေတဲ့ လူငယ်များသို့  ကွန်ပျူတာနယ်ပယ်မှ ပညာရှင်များကလည်း နည်းပညာ ဖြန့် ဝေတဲ့နေရာမှာ သူတပါး ဒုက္ခမရောက်စေရန် အတွက် အရင် ဆုံးမ သြ၀ါဒ စကားလေးတွေ ပြောပြီးမှ ဖြန့် ဝေပေးသင့်ပါတယ်...။ နောက်ပြီး မိမိမှာ ကျွမ်းကျင် မူ့  မရှိပဲ လက်တည့် မစမ်းကြည့်တာ အကောင်းဆုံးပါ..။ တခို့  တင်ပေးထားတဲ့ နည်းလမ်းတွေနဲ့  software တွေမှာ virus တွေပါနေခြင်း ။ မိမိရဲ့  password တွေကို ထိုသူတို့ ယူဆောင်သွားခြင်းတွေ ဖြစ်တတ်ပါတယ်...။
(ဥပမာ)...ကျွန်တော်ကိုပဲ ကြည့်ပါ...။ ကိုယ်က ကိုယ်ချစ်သူ မေး(င်္လ) ကိုယ်ပြန် ဟက်ချင်လို့  စမ်းတာ...။ ဒါပေမယ့် ကိုယ့်ဥစ္စာ သူများက ပြန် ဟက်သွားတယ်...။ နှစ်ခါကြီးများတောင် ဟက်ခံလိုက်ရတယ်... ..။ သူတို့  ပြောသလို ၊ရေးသလို ၊ လုပ်ဆောင်တာတွေ လွယ်ကူခဲ့မယ် ဆိုရင် မေး(လ်) ပေါင်းများစွာ အသုံးပြုတွေ အတွက် ဘယ်မှာ လုံခြုံမူ့  ရှိပြီး စိတ်ချရတော့မှာလဲဗျာ...။ ပြီးတော့ရော သက်ဆိုင်ရာ website တွေနဲ့  server တွေကရော လက်ပိုက်ကြည့်နေပါ့မလား...။ တကယ်တော့ မိမိက သွားရောက် လက်တည့်စမ်းခြင်း အတွက် မိမိကိုယ်ပိုင်များအား ထိုသူတို့ ကို ပေးလိုက်ခြင်း ဖြစ်သည်ဟုသာ ကျွန်တော်ကတော့ ထင်မြင်ချက် ရှိရင်း ဒီ post လေးကို ဒီနေရာမှာပဲ အဆုံးသတ် လိုက်ပရစေ ခင်ဗျာ.....။
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်..... ဝေမင်း......)
စိန်ဂေါ်လီတစ်ယောက် – ၂ (စိုင်းဝင်းမြင့်)
7 years ago
3 comments:
အခုလိုပြောပြ ရှင်းပြထားတဲ့အတွက် ကျေးဇူးပါ ကိုဝေမင်း ။ နောက်ကိုလည်း အကိုးရှိစေမယ့် ပို့ စ်လေးတွေ များများ ရေးနိုင်ပါစေဗျာ။
အင်း အခုလို့ ပြောပြတာတော့ကျေးဇူးတင်တယ် ကိုယ့် ဆရာ...။ ကျွန်တော်လည်း hacking and cracking အကြောင်းတော့ရေးဖူးတယ်..။ ကျွန်တော့ ဘလော့မှာတော့မဟုတ်ဘူး..။ မြန်မာအိုင်တီမှာပါ..။
ဒီပိုစ်လေးလည်း အဲ့ ကို ကူးချင်တယ်..။
ဖြစ်နိုင်ရင် ခွင့်ပြုပါလား..။
ဗဟုသုတမျှဝေတဲ့သဘော ပေါ့...။
ဟုတ်ကဲ့....ကူးပါ ကိုမောင်ငယ်..။ အခုလာလိုရောက် အားပေးတဲ့ အတွက်လည်း အထူးပဲ ကျေးဖူးတင်မိပါတယ် ခင်ဗျာ...။