မင်္ဂလာပါခင်ဗျာ..လာရောက်လည်ပတ်သူများကို ဆည်းဆာသံစဉ်မှ ၀မ်းမြောက်လို့  ၀မ်းသာစွာ ကြိုဆိုပါတယ်...။

လွမ်းသူ့  ဆုတောင်း

Filed under: by: ဆည်းဆာသံစဉ်

ကောင်မလေးရေ
ဟိုတစ်ချိန်က ဖြူစဉ်သန့်ရှင်း
သူငယ်ချင်းဆိုပြီး တိုးတိတ်ဆိတ်ဆိတ်
ငါလေ ကြိတ်ပြီးရင်ခုန်ခဲ့ဖူးတယ်....

ကောင်မလေးရေ
ဟိုတစ်ချိန်က ညခင်းများစွာ
အတွေးမွှေ့ယာထက် တိုးတိတ်ဆိတ်ဆိတ်
ငါလေ လမင်းကိုတိုင်ပင်ခဲ့ဖူးတယ်..... .

ကောင်မလေးရေ
ဟိုတစ်ချိန်က မျှော်လင့်ကြီးစွာ
ချစ်ဝေဒနာအတွက် တိုးတိတ်ဆိတ်ဆိတ်
ငါလေ စကားလုံးတွေစီခဲ့ဖူးတယ်.......


ကောင်မလေးရေ
ပျော်ရွှင်ကြည်နူး ငါလေ မော်ဖူးမယ်ကြံခါမှ
နင့်ခေါင်းမှာပန်း ပိတောက်တွေဖူးပြီးသားပေမို့
ငါ့နှလုံးသားဥယျာဉ် ပိုင်ရှင်မဲ့ခဲ့ရပြီပေါ့......

ငါ့ဘဝ.. ငါ့အချစ်ဆိုတာ...
ပွင့်ခြောက်နဲ့ ရွက်ဝါ ပမာ မြေခလို့
" လ"မသာတော့တဲ့ငါ့ည
သြော်...... ....ဘဝဆက်တိုင်း
ချစ်တိုင်းညားရသူ ဖြစ်ရပါလို၏.......
{ နှောင်းဝဿန် }
ဓါတ်ပုံကို www.flickr.com မှယူသုံးပါသည် ။
ChickadeeD ( Carole ) မှ ရိုက်ကူးထားခြင်းဖြစ်ပါသည်

0 comments: