( ကျွန်တော်စိုက်ထားတဲ့ ပန်းပင်လေး )
မိုးတွေအရမ်းရွာတဲ့ နေ့ ပေါ့....ကိုယ်တိုင်ပြုစုပိုးထောင် စိုက်ပိုးထာတဲ့ ပန်းကလေးတွေဆီ အလုပ်က ပြန်ရောက်တာနဲ့  အပြေးကြည့်မိတယ်.....။ ဘာဖြစ်လို့ လည်းဆိုတော့ စိုက်ထားတဲ့ ပန်းပင်တွေကပန်းလေးတွေ ပွင့်နေပြီလေ....။ မိုးကသဲကြီးမဲကြီး ရွာထားတော့ မိုးဒဏ်ကြောင့် ပန်းကလေးတွေများကြွေကျကုန်ပြီလားလို့ ပေါ့...။ ဒါပေမယ့် ကံကောင်းပါတယ်....ပန်းကလေးတွေက မကြွေတဲ့အပြင် လန်းဆန်းလို့ နေလေရဲ့....။ ပန်းကလေးတွေ ပင်ယံထက် ကောင်းမွန်စွာနဲ့ ပဲ ပွင့်လန်းနေတော့ ၀မ်းသာပြီး အိမ်ပေါ်တက် ရေမိုးခိုးပြီးတာနဲ့  ပန်းကလေးတွေရှိရာကိုပြန်ရောက်လာမိတယ်.....။ အဲဒီမှာပဲ ခဏတာ လွတ်လပ်နေတဲ့  ကျွန်တော့်စိတ်က တွေးချင်ရာတွေးတော့ပါပဲ........။ ( ပင်ယံထက်မှာ လှပစွာပွင့်လန်းနေတဲ့ ပန်းကလေးတွေ )
ပန်းကလေးရယ် မိုးတွေရွာတော့ ငါလေနင်တို့ ကို စိတ်ပူလိုက်တာ နင်တို့ များသာ မိုးဒဏ်တွေကြောင့် ကြွေကျသွားခဲ့ရင် ငါလေတကယ်ပဲ ယူကူံးမရ ခံစားရမှာ အမှန်ပါပန်းကလေးရယ်.......။ မိုးတွေရွာတော့ နင်အရမ်းပျော်နေလား...အရမ်းကြောက်နေလားလို့  အတွေးနဲ့ မေးကြည့်မိတယ်.....။ ပန်းကလေးကလည်း မိုးတွေရွာတော့လေ ပန်းကလေး အရမ်းပျော်တာပဲ.....ဥယျာဉ်မှူးကြီး ဘာမှစိတ်မပူပါနဲ့ ...ပန်းကလေး ဘာမှမဖြစ်ပါဘူး...အခုတော့လေ မိုးတွေမရွာတော့ မပျော်တော့ဘူးလို့ .....ကျွန်တော်ကို ပြန်ပြောနေသလို မြင်မိတယ်.......။
နင်ဘာပဲပြောပြောပေါ့ ပန်းကလေးရယ်....။ ငါကနင့်ကို တယုတယနဲ့ စိုက်ပိုးခဲ့တဲ့ ဥယျာဉ်မှူးလေ...နင့်အတွက်တော့ အမြဲတမ်းစိတ်ပူတာပေါ့....။ ကိုယ်ပိုးခဲ့တဲ့ပန်း ပင်ယံထက်မှာ လှပစွာ ပွင့်လန်းနေတာပဲ မြင်ချင်မိသူပါ ပန်းကလေးရယ်....။ ဒီလိုပါပဲ ပန်းကလေးရယ်....တချိန်က မင်းကိုပိုးထောင်ခဲ့သလို အချစ်ဆိုတဲ့အရာကို ဘာနကန်းတလုံးမှ နားမလည်ပဲ ရင်ခုန်တတ်စအရွယ်မှာ စိတ်ရဲ့အလိုနဲ့  ပိုးထောင်ခဲ့ဘူးပါတယ်....။ အခုမင်းကို ပိုးထောင်သလိုပဲ ပိုးထောင်ပြီး ငါကိုယ်တိုင်ပဲ အချစ်ပန်းကလေးအဖြစ် ဖူးပွင့်ခဲ့ဘူးပါရဲ့လေ.......။ ဒါပေမယ့်လေ နင်မိုးရွာထဲမှာ ပျော်သလို ပျော်ခဲ့ရပေမယ့် နင်လိုတော့ ကံမကောင်းခဲ့ဘူး.....။ သဲကြီးမဲကြီးရွာနေတဲ့ မိုးရေတွေအောက်မှာ နင်ကပျော်ရွှင်ခဲ့ပြီး မိုးတွေစဲသွားတော့ အရင်အတိုင်း လှပစွာကျန်ရစ်နေခဲ့တယ်...။ ငါကတော့နင့်လို မဟုတ်ဘူး....အပူတပြင်း တိုက်ခိုက်လာတဲ့ အချစ်ရဲ့ နိယာမ လေနီကြမ်းမှာ ခဏတာပျော်ရွှင်ခဲ့ပြီး.......အချစ်ဆိုတဲ့ လေနီကြမ်းရပ်စဲသွားတော့ ငါ့ရဲ့အသဲနှလုံးတွေလည်း တစစီပျက်ကြွေခဲ့ရတာပေါ့ ပန်းကလေးရယ်.....။ ဒါကြောင့်ပေါ့ အပင်ပေါ်မှာ လှပစွာပွင့်လန်းနေတဲ့ မင်းကလေးဟာ မိုးဒဏ်ကြောင့် ပျက်ကြွေသွားမှာကို စိုးရိမ်မိတဲ့ ဥယျာဉ်မှူးကလေးငါပါ ပန်းကလေးရယ်.....။ ဒီအချိန်မှာပဲ သာယာလင်းလက်နေတဲ့ ကောင်ကင်ယံက ကြယ်လေးတလုံး ကြွေကျလာတာမြင်မိတော့ တောင်းဆုတခုပြုရင်း အမည်မသိကဗျာလေးတပုဒ် ရေးဖွဲ့ မိပြီ ပန်းကလေးရေ.....။
ချစ်ခြင်းနဲ့ စ လွမ်းခြင်းနဲ့ ဆုံး
စကားလုံးတွေများစွာ ငါ့ရင်မှာ
တကယ်ရှိခဲ့ပြီ.....။
ကောင်းကင်ယံက ကြယ်ကြွေတဲ့ညပေါ့
ကောင်းကင်ကြီးကိုကြည့် ပါးပြင်မှာလည်း
မျက်ရည်တခို့ နဲ့  ခံစားမိရတာပေါ့.....။
ကြယ်လေးတွေမှာ အဖြေရှိမယ်ဆို
အဖြေမသိသေးတဲ့ အလွမ်းသမားလေးအကြောင်း
မိုးတွေရောသိလား အချစ်ဟာဘာလဲဆိုတာ????
ဒီလိုနဲ့  ငါ့နှလုံးသားရဲ့ ဒိုင်ယာရီနေ့ တွေ
ဘ၀ရင့်ရော်နေခြင်းမှာ တိမ်လွှာမဆန်တဲ့
ချစ်ရဲ့အဆုံးသတ် အံ့သြမူ့ တွေနဲ့ 
မပြုံးတတ်တဲ့ မိုးသက်တန့် ကြီးကိုလည်း
မတမ်းတချင်တော့ဘူး.......။
တမ်းတမိတဲ့  လမင်းလေးလည်း
ငါ့နားမရှိလေတော့........
အားငယ်သူမှာ ဖေးကူသူမရှိလို့ 
သင်မှာသာစွမ်းအားရှိမယ်ဆို
ငါလေ တောင်းဆုတခုပြုချင်တယ်.....။
အချစ်ကြောင့်ရေးတိုင်း သတ်င်္ပုမှားတဲ့ငါ့ကို
အဖော်မွန်စစ်နဲ့ တွေ့ ခွင့်ပေးပါ
ကြယ်လေးရယ်.........။
ဒီကဗျာလေးကို ရေးပြီးတော့ .......ပန်းကလေးကို ကြည့်ရင်း တွေးမိပြန်တယ်......။ ဘယ်အရာမှ မမြဲတဲ့ လောကရဲ့ နိယာမ သင်္ခါရတရားရဲ့ အောက်မှာ တနေ့ တော့ အားလုံးဟာ ပျက်ကြွေကြရမှာပါ....။ ဒါပေမယ့် ပန်းကလေးရယ် အချိန်မတန်ခင်တော့ ငါ့ရဲ့ဥယျာဉ်လေးထဲမှာ အခုလိုပဲ လှပစွာ ပွင့်လန်နေပါစေလို့  တောင်းဆုပြူရင်း...။ တချိန်က ငါ့ရဲ့ ဒဏ်ရာဟောင်းလေးလည်း ပြန်လည်အိပ်စက်သွာရင်း...........။
(အားလုံးပျော်ရွှင်စေဖို့  ဆန္ဒပြုနေတဲ့ ....ဝေမင်း....)
စိန်ဂေါ်လီတစ်ယောက် – ၂ (စိုင်းဝင်းမြင့်)
7 years ago
1 comments:
ngar de poem lay kyite tal.yuu lite mal naw:D