မင်္ဂလာပါခင်ဗျာ..လာရောက်လည်ပတ်သူများကို ဆည်းဆာသံစဉ်မှ ၀မ်းမြောက်လို့  ၀မ်းသာစွာ ကြိုဆိုပါတယ်...။

ONLINE ချစ်သူ

Filed under: by: ဆည်းဆာသံစဉ်

ကျွန်တော် online စတက်တော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကမေးဖူးတယ် ။ မင်း online ချစ်သူဆိုတာကိုယုံလားတဲ့….နောက်ပိုင်းကျတော့ ဒီအသံတွေကို ဆက်တိုက်လိုကြားလာရတယ်ဗျာ … ဝဿန် online ချစ်သူဆိုတာကို ယုံလား … online မှာ အချစ်စစ် ဆိုတာရှိနိင်မလား ဆိုတာတွေကို မေးလာကြတယ် ။ကျွန်တော် လည်း ကြုံမှမကြုံဖူးတာ ။မေးလာသူတွေကို မသိပါဘူးခင်ဗျာ လို့ပဲ အဖြေပေးရတော့တာပေါ့….ဒါပေမယ့် ဒီခေါင်းစဉ် ကတော့ ခေါင်းထဲကိုရောက်နေပြီး အဖြေတစ်ခုကို ရှာကြည့်နေမိတာ တော့အမှန်ပါပဲ…..
ကျွန်တော် ရှေ့မှာ နှစ်ယောက်လောက်ပေါ့ online မှာတွေ့ပြီး ချစ်သူတွေဖြစ်သွားကြတယ် ။ နောက်တော့ သူတို့တွေလက်ထပ်သွားကြလို့ ဖိတ်စာတွေရောက်လာပါရော ..ဟာ တယ်ဟုတ်ပါလားပေါ့ ။ငါအဖြေရှာနေတာတွေ့ပြီပေါ့ ဆိုပြီး ဝမ်းသာမိပါတယ်.. နောက်တော့ တချို့တွေက online မှာချစ်သူတွေဖြစ်သွားပြီး ကွဲသွားကြပြန်တယ်ဗျာ.. တချို့ဆို တော်တော် နစ်နစ်နာနာလေး ဖြစ်ပြီး ကွဲသွားကြတာပါ.. ဒီလိုကြပြန်တော့လည်း ကျွန်တော် ဟင် မယုံနိင်စရာကြီးလို့တွေးမိပြန်ရော.. .. ကျွန်တော် အခုတော့ အဖြေတစ်ခုရသွားပြီဗျ….ကျွန်တော် ရတဲ့ အဖြေ ကျွန်တော်စဉ်းစားမိတာက ဒီလိုဗျာ….
ဟိုး အရင် အင်တာနက်တွေ မပေါ်ခင်တုန်းက ဖုန်းတွေအရင်ပေါ်တာနော်…အဲ့ဒီအချိန်မှာပဲ ဖုန်းနဲ့ချစ်သူတွေဖြစ်သွားပြီး ယူဖြစ်လက်ထပ်ဖြစ်တဲ့ ဘိုးဘိုး ဘွားဘွားတွေ အခုထိရှိနေတုန်းပါပဲ .. တစ်ယောက်ယောက်က တစ်နေရာရာ ရောက်နေလို့ ကျန်ခဲ့သူတွေထဲက မိသားစုထဲကဖြစ်ဖြစ်ပေါ့ဗျာ.. သူငယ်ချင်းတွေထဲကဖြစ်ဖြစ်ပေါ့.. ဆက်ပေးလိုက်တာတွေရှိခဲ့တာပဲလေ။ သူတို့ဆိုဖုန်းလေးပဲပြောပြီး ဓါတ်ပုံလေးပဲတွေ့ပြီး ချစ်သူတွေဖြစ်ခဲ့ကြတာပါ. ဖုန်းတောင် တစ်လ ၁၅မိနစ်လောက်ပြောပြီးချစ်သူတွေဖြစ်သွားသူတွေရှိခဲ့တာပဲ .. သူတို့ဘာကိုအခြေခံလည်းစဉ်းစားမိတော့ စစ်မှန်တဲ့ မေတ္တာနဲ့ ယုံကြည်မှူအပေါ် အခြေခံခဲ့ကြတယ်လို့ကျွန်တော်ယုံကြည်တယ်…ဒီလိုပဲ သဘောထားမတိုက်ဆိုင်လို့ဖြစ်ဖြစ် တစ်ခြားအကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် ကွဲသွားကြသူတွေ အပြင် ဘက်ချစ်သူတွေ လောကမှာလည်းရှိကြတာပဲလေ….
တကယ်တော့ ကျွန်တော် ယုံကြည်တာက အချစ်ဆိုတာ ဖုန်း အင်တာနက် ပြင်ပလောကနဲ့ မသက်ဆိုင်ဘူးလို့ပါ..ဖုန်းထက်စာရင် online ပေါ်မှာက တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံနိင်ချိန် စကားပြောနိင်ချိန် ပိုများနိင်တယ်လေ.. ငွေကုန်ကြေးကျသက်သာတယ် ရုပ်ရှင်ဓါတ်ပုံကိုတွေ့မြင်နိင်တယ် စတာတွေကဖုန်းတစ်လုံးထက်တော့သာတာ အမှန်ပါ…နောက်ပြီး MAIL သုံးသူတွေက လူတိုင်းကို လက်ခံနေကြတာမှမဟုတ်တာ… ဂီတ ဝါသနာပါသူက ဂီတနဲ့ပါတ်သတ်သူတွေနဲ့ သူငယ်ချင်းဖြစ်မယ် စာပေဝါသနာပါသူက စာပေဝါသနာပါသူချင်းသူငယ်ချင်းဖြစ်မယ် ဆွေးနွေးကြမယ် တိုင်ပင်ကြမယ် … ဒါတွေကိုကြည့်ရင် ဝါသနာတူသူတွေ ဆုံတွေ့တတ်တာများပါတယ်…
အင်တာနက်ပေါ် မှာတွေ့တာလေ .. နောက်တော့ ကောင်မလေးကို ခွာသွားရော … သူပေါ့ လိုင်းပေါ်မှာတွေ့သူကိုယုံမိလို့ ဘဝပျက်သွားတာ စသည် ဖြင့် ပြောမယ့် သူတွေလည်းရှိနေမှာပါ .. ဒါတွေကတော့ မူနဲ့မဆိုင်ဘူးထင်တယ် လူနဲ့ပဲဆိုင်မှာပါ .. အပြင်ဘက်လောကမှာလည်း မနုဿ မုဆိုးတွေ အများသားမဟုတ်လား…ကိုယ်ချစ်တဲ့ချစ်သူကို ကို ဘယ်အတိုင်းအတာထိယုံနိင်မလည်း.. ယုံကြည်ရမလည်းဆိုတာတွေနဲ့ပဲပါတ်သက်မှာပါ လို့ကျွန်တော်စဉ်းစားမိတယ်… တကယ်တမ်းသေသေချာချာ ပြန်ကြည့်တော့ အချစ်ဟာ အချစ်ပါပဲ .. အပြင်မှာပဲဖြစ်ဖြစ် လိုင်းပေါ်မှာပဲဖြစ်ဖြစ် တယ်လီဖုန်းလေးနဲ့ပဲဖြစ်ဖြစ် TRUE LOVE နဲ့ချစ်ဖို့တာ အဓိကပါ..အချစ်ကိုနာမည်မပေးသင့်ဘူးလို့ထင်တယ်လေ .. ကိုယ့်ချစ်သူကို ကိုယ့်နှလုံးထားလေးထဲမှာ add ထားဖို့တာ အဓိကဖြစ်ကြောင်း ဖြေဆိုနေတော့မယ့် ....


{ နှောင်းဝဿန် }

9 comments:

On April 29, 2009 at 8:52 AM , အကစ်(စ်) said...

အရမ်းကောင်းတဲ့ ပို့စ်လေးပါ
ပျော်ရွှင်ပါစေဗျာ....

 
On April 29, 2009 at 9:48 AM , Ree Noe Mann said...

ဟုတ်တာပေါ့ အချစ်က အဓိကပဲ။
အချစ်မရှိရင် ဘာမှ မဓိပ္ပာယ်မရှိသလိုပဲ နှောင်းဝသန်ရေ..........

ခင်တဲ့
Ree Noe

 
On April 29, 2009 at 11:10 AM , Anonymous said...

တော်တော်လေးကောင်ပါတယ် ။ ဖတ်ရတာလည်း ရသပြည့်တယ် ။ ဘယ်နေရာ ဘယ်မှာပဲ ဖြစ်ဖြစ် တကယ် တန်ဖိုးထားတတ်ရင် အားလုံးဟာ အချစ်စစ်တွေပါ ။ အားပေးနေလျှက်

 
On April 29, 2009 at 11:17 AM , Anonymous said...

အွန်လိုင်းချစ်သူ..... အင်း....ဒါတော့ ပြောရခက်သဗျ ဆည်းဆာသံစဉ်ပြောသလိုပဲ
အချစ်က အဓိကပါပဲ။

 
On April 29, 2009 at 12:18 PM , ဖြိုးဇာနည် said...

အချစ်မှာမြင်မြင်ချင်းပဲချစ်မိတယ်လို့တောင်ရှိသေးတာပဲ
အမြဲတမ်းchatပြီးထိတွေ့နေတဲ့သူ့အရေးအသားလေး
တွေကို သူ့ဓါတ်ပုံလေးထဲကသူ့မျက်နှာလေး နဲ့တွဲပြီး
မြင်ကြည့်လိုက်မိတော့ ဘာခံနိုင်မလဲ chatသက်ကြာ
လာတဲ့အခါသံယောဇဉ်တွေပဲပေါ့အော့်အချစ်
အချစ်

 
On April 29, 2009 at 12:19 PM , ဖြိုးဇာနည် said...

ဒီလိုပဲပေါ့ အချစ်ဟာ အရာရာကိုအထူးအဆန်း
တွေလုပ်ပြတတ်တယ်တဲ့ဖတ်ခဲ့ဖူးပါတယ့်

 
On April 30, 2009 at 1:30 AM , flowerpoem said...

ဘယ်မှာ ဖြစ်ဖြစ်..True Love ကအရေးကြီးတယ်ဆိုတာမှန်ပါတယ်

 
On April 30, 2009 at 11:44 AM , mgnge said...

မှတ် သားစရာ ပဲ ...။

ဒီထက်ပို ပြီးမပြောတတ်ပါ

 
On May 1, 2009 at 8:11 AM , Anonymous said...

ဲမြင်ဘူးပါတယ် စလုံးကကောင်မလေးတယောက်
သုကောင်လေးဆီလိုက်လာတာ
ဒိန်မတ်ကကောင်မလေးက
မလေးရှာကကောင်လေးဆီလိုက်လာတာ
ရှိတော့ရှိတယ်ရှားတယ်
မိတ်ဆွေလေးရေယလွတ်ရဲ့လာလို့မေကြည့်တာပါနော်