မင်္ဂလာပါခင်ဗျာ..လာရောက်လည်ပတ်သူများကို ဆည်းဆာသံစဉ်မှ ၀မ်းမြောက်လို့  ၀မ်းသာစွာ ကြိုဆိုပါတယ်...။

အဖြည့်ခံ

Filed under: by: ဆည်းဆာသံစဉ်

ပန်းကလေးတွေ လှနေဖို့ အတွက်
သူ့ နှလုံးသားကို တူးဆွခံခဲ့တယ်..။
လူသားတွေ ရပ်တည်ဖို့ အတွက်
သူကျောခင်းပေးခဲ့တယ်..။
လောကကြီးသာယာဖို့  အတွက်
သူ့ ကို အသုံးချပြန်တယ်..။
ဒီလိုပါပဲလေ.... ချစ်သူ..
မင်းကမ်းတဲ့လက် မပန်းရအောင်
ငါ့သိက္ခာကို စတေးခဲ့တယ်..။
မင်းလှမ်းတဲ့ဖ၀ါး မနာကျင်ရအောင်
ငါ့..မာနကို လမ်းခင်းပေးခဲ့တယ်..။
မင်းဘ၀လေးလှနေဖို့ အတွက်
ငါ့နှလုံးသားကို ပေးဆပ်ရင်း...
မင်းအနား အမြဲရှိနေမယ် ဆိုတာ
တချက်ကလေး လှည့်ကြည့်ရင်
မြင်နိုင်ပါ ချစ်သူရယ်.....။

(အားလုံး ပျော်ရွှင်စေဖို့ ဆန္ဒပြုလျှက်....ဝေမင်း...)

3 comments:

On May 3, 2009 at 12:44 AM , flowerpoem said...

ကဗျာလေးက ကောင်းလိုက်တယ်
အများကြီး ဆက်လက်ဖန်တီးနိုင်ပါစေရှင်.

 
On May 3, 2009 at 7:06 AM , Anonymous said...

ကဗျာလေး မိုက်တယ် တစ်ချက်လေးလှဲ့ကြည့်ရင်ဘဲ ကျေနပ်နေနိုင်ပြီပေါ့.
အဆင်ပြေပျော်ရွှင်ပါစေဗျာ

 
On May 3, 2009 at 11:49 AM , ဖြိုးဇာနည် said...

လန်းတယ်ဗျာ့ဗျာလေးကကြွေတယ်
ခံစားချက်အပြည့်နဲ့ပါပဲလာ့း
ပျော်ရွှင်ပါစေခင်ဗျာ့