ဆည်းဆာသံစဉ် ညီအကိုနှစ်ယောက် ခင်မင်ရတဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိတယ်
သူ့ ရဲ့ ခံစားချက်ကဗျာလေးတွေ ကိုကြိုက်လို့ ဝဿန် ကဗျာတစ်ပုဒ်လက်ဆောင်တောင်းတော့
သူပေးတဲ့ကဗျာ ခေါင်းစဉ်လေးက မောင်သာမေ့ဘဝ ချစ်ဦးသခင်တဲ့ ဗျာ ခံစားမှူလေးနဲ့ ကဗျာကာရန်လေးကို
ကျွန်တော် အရမ်းနှစ်သက်မိပါကြောင်း ...
မောင်သာမေ့ဘဝ ချစ်ဦးသခင်
မယိုင်လဲ ..
ခိုင်မြဲတဲ့ချစ်ကြင်.....။
သည်းဘ၀င်ရွှင်ပြုံးစရာပ...
မြဲချစ်ကြင်စဉ်မမုန်းပါဘု......
ခိုင်လုံးမြိုင်မေတ္တာပန်းကို ...
သက်ဆုံးတိုင်ဆက်ကာကမ်းမယ်ဟု...
မေပြောတော့လွန်မယ်ထင်....။
ထာဝစဉ် ...
ကမ္ဘာပင်ပျက်ကာသုဉ်းစေတော့ ...
နှောင်ငင်တွယ် မေ့မေတ္တာမဆုံးနိုင်ဘု ....
ဆယ်ကမ္ဘာမေ့မရ ရည်စူးကြင်....
သြော်....
မောင်သာ မေ့ဘ၀ချစ်ဦးသခင်.....။
{ မေမြတ်မယ် }
စိန်ဂေါ်လီတစ်ယောက် – ၂ (စိုင်းဝင်းမြင့်)
7 years ago
4 comments:
ဒီလိုကာရံလေးနဲ့ ကဗျာမျိုးလေးတွေ မတွေ့ဖူးတာကြာပေါ့။ အရမ်းမိုက်တယ်။ ပျော်ရွှင်ပါစေဗျာ။
ကာရံလေးလှတယ်
ကျေးဇူးတင်ပါတယ်ရှင်။
( မေမြတ်မယ် )