မင်္ဂလာပါခင်ဗျာ..လာရောက်လည်ပတ်သူများကို ဆည်းဆာသံစဉ်မှ ၀မ်းမြောက်လို့  ၀မ်းသာစွာ ကြိုဆိုပါတယ်...။

မေတ္တာဓါတ်ပိုင်ရှင်များးအတွက်

Filed under: by: ဆည်းဆာသံစဉ်

မျက်စိ နှစ်လုံး စပွင့်ကတည်းက
အပြုံးပီတိ ၀မ်းမြောက်မျက်နှာ
ရင်ဝယ်ပိုက်လျှက် နို့ချိုတိုက်ကျွေး
ပိုးမွေးသလို အသက်နဲ့ရင်း
မွေးထုတ်ပေးခဲ့တဲ့ အမေ…………….
ကျောင်းနေအရွယ်
ပညာတတ်ကြီး ဖြစ်လာဖို့ အရေး
အသက်ကိုပင် ပဓါနမထားပဲ
မိသားစုဝန် ပုခုံးထမ်းလျှက်
စီးပွားဥစ္စာ ကြိုးစားရှာသော အဖေ……………….
ဤနှစ်ပါးသော ကျေးဇူးရှင်၏
မေတ္တာဓါတ်တို့ ကိန်းအောင်းနေရာ
ရင်ဝယ်အစုံကို
သားမောင်ကတော့ ခြေစုံနင်း၍ မကန်ရက်ပြီ ။
အသက်နှင့် ခန္ဓာတည်နေသရွေ့
ကျေးဇူးအရှင် မိဘနှစ်ပါးကို
ဆံဖြူသွားကျိုး အိုမင်းသည့် အထိ
ပုခုံးနှစ်ဘက် လေးသည့် မထင်
ပေါ့ပါးစွာ ပင်အလုပ်အကျွေးပြုမည်။
ဤ ကဗျာကြောင့် တစ်စက်တည်းသော
အမေ့ မျက်ရည် ၊ အဖေ့ပီတိ
ပုလဲ အလားထင်မိချိန်ဝယ်
မြေပြင်ပေါ်သို့ ကျရောက်ခဲ့ပြီ။
မဟာပထ၀ီ မြေကြီး သိမ့်သိမ့်တုန်အံ့ ……………………. ။

( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်..... ဝေမင်း......)

3 comments:

On May 9, 2009 at 5:58 PM , mgnge said...

အနန္ဒဂိုဏ်းဝင်
မွေးမိခင်နှင့် ဖခင်တို့ အား
ရိုသေခစား ချစ်သောသားတို့ 

ဘေးဥပါဒ်ရန် ကင်းစေမှန်နှင့်
ကျန်းမာသုခ ပြည့်ဝကြစေ
နှုတ်ထွက်စကား တန်ဖိုးများလို့ 
လိုအင်ဆန္ဒ တောင်းတိုင်းရစေ
မိတ်ဆွေပေါင်းသင်း ချစ်ခင်ခြင်းနှင့်
ကြံဆောင်ခြင်းတိုင်း အောင်မြင်စေ

ထိုထိုဆုတောင်း ပြည့်စေကြောင်းကို
ဧကန်မုချ ရရှိပါစေ
အို အဆွေ

 
On May 10, 2009 at 3:17 AM , Anonymous said...

ကောင်းတယ်ဗျာ မိဘမေတ္တာလေး ဖွင့်ဆိုထားတာ ကြိုက်တယ်ဗျို့
အားပေးလျက်ပါ
အဆင်ပြေပျော်ရွှင်ပါစေ

 
On May 10, 2009 at 11:02 AM , ဖြိုးဇာနည် said...

ဤ ကဗျာကြောင့် တစ်စက်တည်းသော
အမေ့ မျက်ရည် ၊ အဖေ့ပီတိ
ပုလဲ အလားထင်မိချိန်ဝယ်
မြေပြင်ပေါ်သို့ ကျရောက်ခဲ့ပြီ။
မဟာပထ၀ီ မြေကြီး သိမ့်သိမ့်တုန်အံ့

တကယ်ကိုလေးနက်ပြီးအဓိပ္ပာယ်ပြည့်ဝ
တဲ့စာသားလေးတွေပါ့
အရမ်းကြိုက်တယ်ဗျို့