စာကရေးမယ် ရေးမယ်နဲ့ ဘာမှကို မရေးဖြစ်ဘူးဗျာ ..ရင်ထဲမှာခံစာ ချက်တွေက များလွန်းတော့ ဘာကိုမှ စကားလုံးအဖြစ်နဲ့ မပြောင်းလည်းနိင်ဘူးဖြစ်နေတယ် ။ ထွက်လာရင်လည်း သံစဉ်တွေက အလွမ်းသံစဉ်တွေဖြစ်ဖို့များတယ် လေ.... ရေးလက်စ တွေကိုပါ ဆက်မရေးဖြစ်တော့တာပါ ..။အဆင်မပြေမှူတွေဝင်လာရင် ဆက်တိုက် ကိုပဲဝင်လာတယ် ..ဝေမင်းကိုလည်း အားနာလှပြီ ။ဒီရက်တွေ ဆည်းဆာသံစဉ်တွေကို သူတစ်ယောက်ထဲ တီးခတ်ပြနေရတယ် .. သူလည်းမအားတဲ့ကြားထဲက ကိုယ့်ကိုအားကိုးပြီး နှစ်ယောက် ကြိုးစားမယ်ဆိုပြီးလုပ်လိုက်တာ အခုတော့ နှောင်းဝဿန်ဆိုတဲ့ ကျွန်တော်က ဘာမှကိုမဖြစ်လာဘူးဖြစ်နေတယ်...ဒါတွေကို တာဝန်ကျေပေးဖို့ နောက်ပိုင်းနှစ်ဆ ကြိုးစားပါ့မယ်ဗျာ.....
အခုတော့ အခုရက်ပိုင်းဆုံး သွားတဲ့ နှောင်းဝဿန်ရဲ့ သူငယ်ချင်းတစ်ယောက်ကို နားမလည်နိင်ခြင်းများစွာနဲ့ ဝဿန် ခံစားချက်လေးကိုပဲ ကလောင်အတတ်လေးနဲ့ အသက်သွင်းမိတော့တယ်ဗျာ........ကဗျာလည်းမဟုတ်ပါဘူး စာလည်းမဟုတ်ပါဘူး ... သူငယ်ချင်းကိုလွမ်းလို့ သူ့ကို စိတ်ထဲကပြောချင်တာတွေကိုပြောလိုက်တဲ့ ခပ်ညံ့ညံ့ တမ်းချင်းလေးပါ
ပဲ .. ရင်ထဲရှိတာလေးတစ်ခုရှင်းမှ နောက်တစ်ခု ထပ်ရေးနိင်တော့မှာမလို့ အတွေးစာစုထဲထည့်ပေးလိုက်တာပါ..
................................ ။ ။...................................
နီယွန် မီးချောင်းတွေအောက် ငါတို့နှစ်ယောက် လျှောက်ခဲ့မိတာလေးတွေကို သတိရမိတယ်သူငယ်ချင်းရေ...
ဒီမြို့ရဲ့ ဒီလမ်းမတွေထက် ငါတို့ အခမဲ့ ပတ်တရောင်လှည့်ခဲ့တာတွေက အခုတော့ လွမ်းစရာတွေပေါ့....
မင်းထွက်သွားတဲ့ဒီလမ်း ငါတို့လည်းတစ်နေ့လှမ်းရမှာပါ .. ဒါပေမယ့် မင်းကဖြတ်လမ်းနဲ့ထွက်ခွာသွားတာပေါ့
အေးအတူ ပူအမျှ ဝေဒနာတွေ မျှဝေခံစား နေခဲ့ရတဲ့ ဘဝတွေထဲမှာ မင်းလည်းငါ့သွေးသောက်ရဲဘော်ပါပဲ...
မင်းပြောခဲ့တဲ့ မင်းပုံပြင် ..ဆောင်းတွင်းအိပ်မက်တွေကို မင်းဖြိုချလိုက်ပြီပေါ့.....
မင်းလှမ်းတဲ့ပန်းတိုင် ... မင်းနားမယ့်စခန်း ဘယ်လိုလမ်းကြောင်းပြောင်းသွားတာလည်းငါမသိလိုက်ရပါလား
သြော် .. ဘဝတစ်ပါးဆိုတာ ခရီးပန်းတိုင်လမ်းဆုံးလို့မင်းထင်မှားမှတ်ခဲ့လားကွာ........
သမင်တစ်ကောင်မွေးတာကို ဘယ်ကျားမှ ဝမ်းမနည်းတတ်ဘူးဆိုတာ မင်းကိုသိစေချင်လိုက်တာ...
တိုက်ပွဲတစ်ပွဲရဲ့ အစမှာ မင်းလက်နှက်ချသွားတယ်သူငယ်ချင်း...
ဒါပေမယ့် နောင်ဖြစ်လေရာ သံသရာတိုင်းမှာ မင်းကို အောင်ပွဲဆင်သူ အဖြစ်တွေ့ပါရစေလို့ငါဆုတောင်းပေးလိုက်ပါတယ်
အေးချမ်းရာ ဘုံဘဝမှာမင်း စံမြန်းနိင်ပါစေ...
{နှောင်းဝဿန် }
စိန်ဂေါ်လီတစ်ယောက် – ၂ (စိုင်းဝင်းမြင့်)
7 years ago
0 comments: