ကဗျာအစပ်ကောင်းသော အမတ်ကြီးဆိုတဲ့ ဟာသပုံပြင်လေး မရေးခင် ဒီပုံပြင်လေးကို ရေးချင်တဲ့စိတ်ကူး ပေါ်လာအောင် ဆက်စပ်မူ့ လေးတခုကို အရင်ဖတ်ကြည့်ပါအုံး။ ဆက်စပ်မူ့  ဖြစ်လာပုံကတော့ ကျွန်တော့်သူငယ်ချင်း နှောင်းဝဿန်တယောက် စာလည်းမရေး အွန်လိုင်းပေါ်မှာလည်းမတွေ့  ဆိုတော့ ဘာတွေများဖြစ်နေလဲလို့  စိတ်ပူရင်း သတိရနေတယ် ဆိုပါတော့ဗျာ။ သတိရတယ်လို့  သာပြောရတာ သူ့ ကိုတွေ့ ရင်လည်း ခပ်လန့် လန့် ....ဘာလို့ လည်းဆိုတော့ ဘယ်တော့မဆို အလွမ်းသံစဉ်တွေနဲ့  ကြေကွဲနေသူဆိုတော့ ကိုယ်ပါ အလွမ်းဓါတ်ခံရသွားမှာ စိုးပါ...:)။ သူ့ အကြောင်းတွေးရင်း သတိရနေတုန်း ဆရာသမားက လိုင်းပေါ် ရောက်လာတယ်..။ ရောက်လာတာနဲ့  ဘာလာပြောတယ်မှတ်လဲ..။ "သူငယ်ချင်းရေ..ငါတော့ ခေါင်းကိုက်နေပြီတဲ့" ဘာဖြစ်လို့ လဲ မေးတော့ ကောင်မလေးတယောက်အတွက် ကဗျာရေးပေးနေတာတဲ့ ကောင်မလေးက ကဗျာကို ကာရံမညီရင် မလိုချင်ဘူးဆိုလို့  ငါရေးနေတာ တော်တော်ကြာပြီဆိုပဲ ။ အဲဒါ နောက်ဆုံးပိုဒ်ကို မရသေးလို့  မင်းကူညီပါအုံးလို့  လာပြောတယ်..။ သူပြောမှပဲ အရင်က ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ စာရေးဆရာ အနုပညာစာပေဆုရ မောင်ဗိုလ်မွှေးရေးတဲ့ "ကဗျာအစပ်ကောင်းသော အမတ်ကြီး" ဆိုတဲ့ ပုံပြင်လေးကို သွားသတိရတာနဲ့  လာလည်သူတွေနဲ့  ရေးဖော်ရေးဖက် မောင်နှမတွေပါ ရယ်ရအောင် ပြန်လည်ရေးသားတင်ပြပေးလိုက်ပါတယ်...။ ဖတ်ဖူးတဲ့ သူတွေ အတွက်တော့ ဆော်ရီးပါခင်ဗျာ...။
"ကဗျာအစပ်ကောင်းသော အမတ်ကြီး"
ရှေးအခါက တိုင်းပြည်တပြည်မှာ ကဗျာဆရာတယောက်သည် ကဗျာအစပ်တော်သဖြင့် ဘုရင်က နန်းတွင်းစာဆိုတော်အဖြစ် ခန့် ထာလေ၏ ။ အမတ်ကြီးတဦးမှာ ထိုကဗျာဆရာအား နန်းတွင်းစာဆိုအဖြစ် ခန့် ထားသည်ကို မနှစ်သက်၍ "ကဗျာစပ်တာ ခက်လွန်းလို့ ဗျာ"ဟု ခနဲ့ လေရာ ဘုရင့်ရွှေနားတော် ပေါက်ကြားသွားလေတော့သည်..။ ဘုရင်လည်း ရယ်သွမ်းတော်မူ၍ "အမတ်ကြီး ကဗျာတပုဒ်ကို ကိုယ့်စွမ်းရည်ဖြင့်ရေး၍ နံနက်ညီလာခံတွင် အမတ်ကြီးကိုယ်တိုင် ရွတ်ပြရမည် ။ ကဗျာမရေးသားနိုင်က ရွှေဓါးဖြင့် ကွပ်မျက်ခံရမည်"ဟု အမိန့် တော်ချမှတ်လေသည်။ အမတ်ကြီးသည် ညီလာခံမှ ပြန်လာပြီးနောက် စကားမျှမပြောနိုင်ပဲ ပေရွက်နှင့်ကညစ်ကို ကိုင်ကာ ငိုင်လေ၏ ။ အမတ်ကြီး၏ ဇနီးသည်က ဘာဖြစ်လို့  ငိုင်နေရသနည်းဟု မေးသော် ၊ အမတ်ကြီးက ကဗျာမစပ်တတ်၍ ငိုင်နေကြောင်း ဖြေကြားလေတော့သည်။ အမတ်ကြီး၏ ဇနီးသည်က "ကဗျာဆိုတာ မြင်တွေ့ သမျှ ထည့်စပ်ရင် ကောင်းသည်ဟု ပြောသံကြားဖူးပါသည်"ဟု ဆိုရာ အမတ်ကြီးသည်လည်း တွေ့ မြင်သမျှ ကဗျာစပ်ရန် တစ်ညလုံး မအိပ်ဘဲ ထိုင်စောင့်နေလေတော့သည်..။
အလင်းရောင် ၀င်းပြောင်ချိန်တွင် ကြက်များတွန်သံကို ကြားမှ အမတ်ကြီးသည် ကဗျာအစတစ်လုံးကို စတင်ရေးနိုင်လေသည်။ ထိုနောက် ရွှေနန်းတော်ကြီးဆီမှ စည်တော်ရိုက်တီးသံကို ကြားရသဖြင့် ကာရန်၌ တစ်ခုရပြန်၏ ။ သို့ သော်လည်း နံနက်မိုးသောက် အလင်းရောက်ပြီဖြစ်၍ ကဗျာတပိုင်းတစဖြင့် ညီလာခံဝင်ရန် ရွှေနန်းတော်သို့ သွားရောက်ရာ လမ်းတွင် ရပ်ကြီးသူတို့  ဗျာဆံဝိုက်ကလေးများနှင့် သွားကြလာကြသည်ကို မြင်သော် ကဗျာတွင်ဖြည့်သွင်းပြန်လေ၏ ။ ရွှေနန်းတော်သို့  ရောက်ခါနီးတွင် ချည်ပေါင်ရွက်သည်များနှင့် တွေ့ ဆုံ၍ ကဗျာတွင် ထပ်မံဖြည့်သွင်းလေသည် ။ နန်းတော်ထဲဝင်ခါနီး၌ ခွေးနှစ်ကောင်ကိုက်သည်ကို မြင်လျှင် ကဗျာကို အဆုံးသတ်လေတော့သည်..။
ညီလာခံဖွင့်လျှင်ဖွင့်ချင်း ဘုရင်မင်းမြတ်က "အမတ်ကြီး ကဗျာစပ်ဆိုပြီးပြီလား ။ ကိုယ်တိုင်ရွတ်ဆိုပေတော့"ဟု မိန့် ကြားတော်မူလေသည်..။ အမတ်ကြီးလည်း ပေရွက်ကိုကိုင်၍------
"လင်းကြက်ကဆော်
စည်တော်ကရိုက်တီး
ရပ်ကြီးသူ ဗျာဆံဝိုက်ကယ်နှင့်
ရွှေချည်ပေါင် ခေါင်းမှာရွက်တဲ့ကွယ်....
ခွေးနှစ်ကောင်ကကိုက်"..။ :D
အမတ်ကြီး ရွတ်ဆိုပြီးသော် ညီလာခံတစ်ခုလုံး ဣနြေ္ဒမဆောင်နိုင်ဘဲ ရယ်မောကြလေတော့သည်...။
ဆောင်ပုဒ်
ကဗျာဟူသည်
ကာရန်ညီ ထို၍မမှတ်ရာ ။
အခုလည်း ကူညီပါအုံးလို့ ပြောလာတဲ့ ကျွန်တော့်သူငယ်ချင်း နှောင်းဝဿန်ကို မင်းလည်း အဲဒီအမတ်ကြီးလိုပဲ မြင်တာလေးတွေရေး ပိုကောင်းတယ်လို့ သာ အကြံပေးလိုက်မိပါတော့ဗျာ...:D။ နှောင်းဝဿန်ရေးထာတဲ့ ကဗျာလေးကတော့ မကြာမှီမျှော်...ဗျို့ ....draft ထဲမှာရှိတယ်...အခုထိမပီးသေးဘူး...တွေ့ ရာမြင်ရာတွေ လိုက်မှတ်နေတယ်ထင်တယ်ဗျာ...မင်းခန့် ရေ...ငါတော့ဖွလိုက်ပြီဟ...:D..။
မှတ်ချက်။ ။ မှတ်မိသမျှပြန်လည် ရေးသားပါသဖြင့် အနည်းငယ်လွဲချော်မူ့  ရှိခဲ့လေသော် တောင်းပန်ပါသည်...။
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... ဝေမင်း......)
စိန်ဂေါ်လီတစ်ယောက် – ၂ (စိုင်းဝင်းမြင့်)
7 years ago
4 comments:
အဟေဟေ.. ကိုယ့်ဆရာသူငယ်ချင်းတော့
မျောက်မီးခဲကိုင်မိသလိုဖြစ်နေပြီပေါ့...။
အမတ်စပ်တဲ့ကဗျုာက အဟီး ရယ်ရတယ်နော် ပြန်ဖော်ပြပေးတာ ကျေးဇူး ပျော်ရွှင်ပါစေ။ ကိုမင်းခန့်စပ်တဲ့ ကဗျာကိုလည်း မျှော်နေပါတယ်။ တအားစဉ်းစားနေတာ ပလက်တီနန်ပင်တွေ စောစောစီးစီးပေါက်ကုန်ဦးမယ်ဗျ အဟဲ စတာ
ဟဟ..ရယ်ရတယ် သယ်ရင်းရေ..၊ကာရံညီအောင် စဉ်းစားရင် မအိပ်နိုင်မစားနိုင်ဘဲဖြစ်နေဦးမယ်၊တကယ်ခံစားချက်
တွေ ကိုသာ ရေးပေးလိုက်ဗျာ ကြိုက်သွားမှာပါ
အကြံပေးတာပါ
အဆင်ပြေပျော်ရွှင်ပါစေဗျာ
ကောင်မလေးကို သွားကြောင်နေလို့ နဲ့တူတယ်..။ လာခဲ့လို့  ကဗျာကောင်းကောင်းစပ်ပေးမယ်..အရိုက်မခံရ ရင်ကြိုက်သလို ပြော
ဟားဟား......။
စတာနော်