မင်္ဂလာပါခင်ဗျာ..လာရောက်လည်ပတ်သူများကို ဆည်းဆာသံစဉ်မှ ၀မ်းမြောက်လို့  ၀မ်းသာစွာ ကြိုဆိုပါတယ်...။

မှတ်သားမိသော စကားလေးတွေ

Filed under: by: ဆည်းဆာသံစဉ်

“ဘ၀ဆိုတာ မမျှော်လင့်တာတွေ စုထားတာပါ..လူတွေဟာ မျှော်လင့်တာတွေကိုပဲ ပြင်ဆင်တက်ပြီး မမျှော်လင့်ထားတာတွေကို ဘာမှမပြင်ဆင်တက်ကြဘူး”
“လူ အများဝမ်းသာအောင်လုပ်တဲ့ အလုပ်တွေက ကို့အတွက်ဝမ်းသာစရာအကောင်းဆုံး အလုပ်တွေပါပဲ..
အဲဒီလို ၀မ်းသာစရာကောင်းတဲ့ အလုပ်တွေကလည်း ပျော်စရာကောင်းပါတယ်”
“ကျောင်းတံခါးတွေ ပိတ်လိုက်ခြင်းဟာ ထောင်တံခါးတွေဖွင့်လိုက်ခြင်းပဲ.. ကျောင်းတွေများများဖွင့်နိုင်လေလေ
လူလောကထဲမှာ အလိမ္မာနဲ့ ပညာတွေပွားများလေလေ”
“လူဆိုတာ ရှုံးတာကိုမကြောက်ရင် ဘယ်တော့မှမရှုံးတော့ဘူး..လူ့ဘ၀ရဲ့ အရှုံး အနိုင်ဆိုတာ ငွေးကြေးပိုင်ဆိုင်မှုနဲ့
တိုင်းတာလို့မရဘူး..တကယ်လို့ တိုင်းတာရခဲ့တယ်ဆိုရင် လူမိုက်တွေကို လူအများလေးစားနေကြမှာပဲ..
လောကမှာ ဘာပဲရှုံးရှုံး အရေးကြီးဆုံးက စိတ်ဓာတ်မရှုံးစေနဲ့”
“လောကကြီးမှာ ကိုက အမြဲတမ်း အပေါ်စီးက မရှိနိုင်ဘူးလေ..အနိမ့်ရောက်သွားတာကို မခံချင်ဖြစ်ပြီး ကူညီတက်တဲ့ တဖက်လူရဲ့စေတနာကို မစော်ကားမိဖို့အရေးကြီးပါတယ်..လောကကြီးကို ဖြူဖြူစင်စင်တခုပေးရင် လောကကြီးကလည်း ကို့ကို ဖြူစင်တာတခုပြန်ပေးတက်ပါတယ်”
“အရှေ့ကိုရောက်အောင် ခုန်ဖို့အတွက် နောက်ကိုဆုတ်ပြီး အရှိန်ယူရစမြဲပါ…စစ်ပွဲတရာကိုနိုင်တဲ့ စစ်သူကြီးထက်
မိမိစိတ်ကိုနိုင်တဲ့ သူဟာပိုမြင့်မြတ်ပါတယ်”

( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... ဝေမင်း......)

6 comments:

On May 24, 2009 at 10:27 AM , ကြယ်ပြာ said...

မှတ်သားဖွယ်စာသားလေးတွေ သေချာဖတ် မှတ်သွားပါတယ် ...

 
On May 24, 2009 at 10:44 AM , Anonymous said...

မှတ်သားစရာ စာသားလေးတွေ ဖတ်သွားတယ် သယ်ရင်း
အဆင်ပြေပျော်ရွှင်ပါစေကွာ

 
On May 24, 2009 at 10:59 AM , ကောင်းကင်ပြာ said...

စာကောင်းလေး တခုတင်ပေးတာ ကျေးဇူးပါ

 
On May 26, 2009 at 11:24 AM , Anonymous said...

အယူအဆလေးတွေ သဘောကျတယ်ဗျို့။

 
On May 27, 2009 at 3:56 AM , mgnge said...

ကောင်းဧ။်

 
On June 19, 2009 at 2:05 AM , Unknown said...

kg lite te` sa ka su lay twe har.