အရှေ့မှာ ...
သုခလမ်းဆုံး ဒုက္ခလမ်းခွဲတွေလား ။
ခပ်ရဲရဲပဲဆက်လျှောက်ခဲ့တယ် ။
သမာဓိကောင်းဖို့ သမထကျင့်နေရုံနဲ့
တမ်းတခြင်းက
အမြစ်ပါမကျန်ကျွတ်ထွက်သွားမှာမှ မဟုတ်တာ ။
လေကောင်းလေသန့်ဆိုတာ
ချစ်သူ့ပါးပြင်ထက်က နံ့သာပါးကွက် မဟုတ်ဘူး။
အချစ်ကို
အရွက်ကျရာ အပင်ပေါက်တတ်ခဲ့ရင်
စံပါယ်တွေ...
တစ်ပွင့်တည်းမဟုတ်ဘူး ။
တစ်ကိုင်းတည်း မဟုတ်ဘူး ။
တစ်ပွေ့ကြီး ...
အားပါးတရ နမ်းရှိုက်လိုက်ဖို့ အသင့်။
တစ်ခါတစ်လေတော့လည်း
အထီးကျန်ဆန်ခြင်းဆိုတာ
နှောင်ကြိုးမဲ့ လွပ်လပ်ခြင်းစစ်စစ်ပါလို့
သက်တမ်းနှစ်ဆယ့်ငါးနှစ်ကျော်
ဒိုင်ယာရီအိုကြီးက ပြောတယ် ။
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... ဝေမင်း......)
စိန်ဂေါ်လီတစ်ယောက် – ၂ (စိုင်းဝင်းမြင့်)
7 years ago
5 comments:
ကဲ တို့အကိုရေ ပထမနေရာ ယူသွားတယ်ဗျာ။ တခါတလေတော့လည်း အထီးကျန်ဆန်ခြင်းဆိုတာ နှောင်ကြိုးမဲ့ လွပ်လပ်ခြင်း စစ်စစ်ပါလို့ သက်တမ်းနှစ်ဆယ့်ငါးနှစ်ကျော် ဒိုင်ယာရီအိုကြီးကပြောနေတယ် အဲ့အပိုဒ်ကိုအကြိုက်ဆုံးပဲဗျာ။ ကဗျာတပုဒ်လုံးကတော့ လန်းတယ်ဗျာ။
ပျော်ရွှင်ပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
လှတယ်ကွာ သယ်ရင်း
အချစ်ကို အရွက်ကျရာ အပင်ပေါက်တက်ခဲ့ရင်
နှိုင်းတက်ပါ့ကွာ
အဆင်ပြေပျော်ရွှင်ပါစေကွာ
Good Job!
တယ်ဆိုတဲ့ စာပါလားဗျ။ လန်းတယ်ဗျာ စာသားတွေ မိုက်တယ်။
အထီးကျန်ဆန်ခြင်းဆိုတာ
နှောင်ကြိုးမဲ့ လွပ်လပ်ခြင်းစစ်စစ်ပါလို့
သက်တမ်းနှစ်ဆယ့်ငါးနှစ်ကျော်
ဒိုင်ယာရီအိုကြီးက ပြောတယ် ။
a de sar thar lay ka tot heart hti tal kwar. :atb