အိပ်စက်မပျော်ခြင်းက
အိပ်ယာထက်မှာ လူးလွန့် စီးဆင်းလို့ ...
လည်နေတဲ့ ပန်ကာရွက်တွေမှာ
သတိက ကပ်ငြိနေတာတောင်
အမှောင်က ပူလောင်လွန်းတယ်...။
ကြမ်းပြင်ပေါ်က လရောင်တစက်ဆီမှာ
ကောက်ယူမရတဲ့ မျှော်လင့်ချက်တွေနဲ့ 
နာရီတွေ မြွေလိုခါးဆန့် ထွက်တော့...
အာရုဏ်က ခရီးရှည်ရပြီ...။
အဲ့ဒီလို ငြီးငွေ့ သွေ့ ခြောက်နေခြင်းမှာ
ကဝေစေညွှန်ရာ ကကြိုးအတိုင်း
မိုးလင်းပေါက်သည့်တိုင် စိတ်ကူးနဲ့ 
နှစ်ပါးသွားကနေလိုက်တော့တယ်။ ။
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... ဝေမင်း......)
စိန်ဂေါ်လီတစ်ယောက် – ၂ (စိုင်းဝင်းမြင့်)
7 years ago
3 comments:
ဟဲ ဟဲ ကွန်မကောင်းတဲ့ကြားက တန့် တန့် တန့် တန့် နဲ့ တင်ထားတဲ့ ပို့စ်လေးကို ပထမဆုံး မန့်တယ်ဗျာ။
အင်း ပါးလုံးလည်း ညကတညလုံးကို လုံးဝအိပ်မပျော်ဘူးဗျာ။ မှန်လိုက်တဲ့ကဗျာ။ ဒီမှာတော့ လကိုဘယ်မှာသွားဖမ်းရမှန်းမသိပါဘူး။ နေကြီးက ပြူးနေလို့ လတောင်မမြင်ဖူးတာကြာပေါ့။
ပျော်ရွှင်ပါစေ
ညီမလေး ပါးလုံး
စကားလုံးတွေနဲ့အတွးချပြပုံတွေက လွတ်ကောင်းနေတယ်။
ဒါဆို မနက်ကျတော့မှ အိပ်တယ်ပေါ့ ဒီလိုလား။