မင်္ဂလာပါခင်ဗျာ..လာရောက်လည်ပတ်သူများကို ဆည်းဆာသံစဉ်မှ ၀မ်းမြောက်လို့  ၀မ်းသာစွာ ကြိုဆိုပါတယ်...။

" အလွမ်းရဲ့ .....ကဖေး "

Filed under: by: ဆည်းဆာသံစဉ်

" အနမ်းမှာ အလွမ်းပါသလား "

မေးဖို့ရာ မေ့နေခဲ့သောမေးခွန်းကို ဖွာရင်းရှိုက်ရင်း

သီချင်းနုနုအေးအေးလေးက

ခံစားချက် တစ်ရက်ကို ချွေလိုက်တဲ့အခါ

လူအရှင်လတ်လတ်ကြီး

ငုတ်တုတ်ထိုင်ပြီး ဆွေးမြေ့သွားတာ

အတိတ်ရဲ့လမ်းမနဘေး

ပစ္စုပ္ပန်ရဲ့ ခုံပုလေးပေါ်

ဖျော်ထားပြီးသား ချိုပေါ့ကျတစ်ခွက်ထဲမှာတော့

ကြေကွဲခဲ့ရခြင်းက ပျော်ဝင်အေးစက်လို့ ။

( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... ဝေမင်း......)

2 comments:

On November 12, 2009 at 3:36 PM , ဂျပန်ကောင်လေး said...

အွင်... ဘာပြောရမှန်းမသိဘူး..

 
On August 6, 2010 at 12:44 PM , Anonymous said...

အေးစက်နေရင် ပြန်အပူပေးပြီး သောက်လိုက်ပေါ့ကွယ် ...