ကားနဲ့လျှောက်လည်မလား.... မဏ္ဍပ်မှာရေသွားပက်မလား....... ဘာတွေဝတ် လို့ဘာတွေစီးမှာလည်းဆိုတာ စကားဝိုင်း ဆွဲလည်းတွေပေါ့...မနှစ်က ဘာဖြစ်ခဲ့တယ်..ဟိုတစ်နှစ်က ဘာတွေလုပ်ခဲ့တယ်ဆိုတာ ပြန်တွေးစရာတွေပဲလေ...ကျွန်တော်တို့ဆို သင်္ကြန်ဒိုင်ယာရီတွေအများကြီးပဲ....
လူမှန်းသိတတ်စထဲက ဒီရက်ဆိုဘယ်သူ့ကို ရေနဲ့ပက်ပက် ပက် လို့ရတယ်လို့ထင်ခဲ့တဲ့သင်္ကြန်.... ကိုယ်ဝန်ဆောင်ကြီးကို ရေလိုက်ပက်မိလို့ အဆူခံခဲ့ရတဲ့ သင်္ကြန်...ခွက်ခလေးတစ်လုံးကိုင် ပြီး အိပ်ရှေ့ဘယ်သူများဖြတ်လျှောက်မလည်းလို့ မျှော်နေတတ်တဲ့သင်္ကြန်... နွေကျောင်းပိတ်ရက်ရဲ့ ရင်ခုန်မှူကိုပေးတဲ့သင်္ကြန် ... ဘာကြောင့်များ လေးရက်ထဲကျသလဲလို့တွေးခဲ့မိတဲ့ ကျွန်တော့ရဲ့ ခလေးဘဝသင်္ကြန်တွေ...................
ကားပေါ်မှာ ဆော်ဒါရောတာလေးသောက်ပြီး အလွန်အော်ခဲ့ဖူးတဲ့သင်္ကြန်.... မဏ္ဍပ်ပေါ်မှာ ရေပိုက်လေးကိုင်ပြီး ဖုန်းနံပါတ်အတင်းတောင်းခဲ့ဖူးတဲ့သင်္ကြန်.... စတိတ်စင် ပေါ်မှာဘီယာပုလင်းလေးကိုင်ပြီး သူလာရာလမ်းကိုမျှော်ခဲ့ဖူးတဲ့သင်္ကြန်... ပျော်စရာတွေအထူးထူးနဲ့ကျွန်တော့်ရဲ့လူငယ်ဘဝသင်္ကြန်တွေ .........
သြော်......အခုတော့ အဝေးကြီးမှာ သင်္ကြန်ဆိုတာကိုယ်နဲ့မဆိုင်သလိုပါပဲ.... သူ့နိင်ငံ ကိုယ့်သင်္ကြန်ပေမယ့် ကိုယ့်နိင်ငံ ကိုယ့်သင်္ကြန်လောက် ပျော်ရွှင်မှူ မရှိခဲ့ပါဘူး ။ ဒါပေမယ့် ဒီရက်တွေရောက်ရင်တော့ ဟိုး တုန်းက သင်္ကြန်တွေကို ပြန်သတိရမိနေတုန်းပါပဲ..... တရေးနိးလို့ ထကြည်မိတော့ သင်္ကြန်ဆိုတာတစ်ခေါက်ပြန်ရောက်ပြန်ပြီပေါ့..............................
{ နှောင်းဝဿန် }
0 comments: