မင်္ဂလာပါခင်ဗျာ..လာရောက်လည်ပတ်သူများကို ဆည်းဆာသံစဉ်မှ ၀မ်းမြောက်လို့  ၀မ်းသာစွာ ကြိုဆိုပါတယ်...။

မိုးဗေဒင်

Filed under: by: ဆည်းဆာသံစဉ်

အလုပ်က မအားတော့ စာရေးချိန်တောင် မရဘူးဖြစ်နေတယ် ။ သူငယ်ချင်းဝေမင်းကတော့ မင်းငါ့ကို တစ်ယောက်ထဲ ပစ်ထားတယ် ရက်စက်လိုက်တာတဲ့ …. Blog ကိုမေ့ထားတာမဟုတ်ပါဘူး…. အလုပ်လုပ်နေရင်တောင် ကိုယ့် blog လေးကိုစိတ်ရောက်နေတာ .. ဘာလေးရေးမယ် ဘယ်လိုလေး ရေးလိုက်မယ်ဆိုပြီး .. ဒါပေမယ့် အိမ်ကို ပြန်ရောက်တော့ ရေးချိန်မပြောနဲ့ ဖတ်ချိန်တောင် မနည်း ယူ လိုက်ရတယ် ….ပြန်ရောက်တာနဲ့ ရေမိုး ကမန်းကတမ်းချိုး စာလေး အလုအယက်ဖတ် ပြီးရင် ကပြာကယာ အိပ်ရတော့တာပဲ…..မနက်မိုးလင်းတော့ နှိုးစက်က အသံမြည် အိပ်ချင်မူးတူးနဲ့ ပိတ် ပြီးတော့ ကသုတ်ကယက် အိပ်ယာထ မြန်မြန်လေး မျက်နှာသစ် ပြီးတော့ လစ်တော့အလုပ်ကို………. နိင်ငံခြားဘဝ ဒီလောက်လှမယ် မှန်း အစက မသိခဲ့တာနာတယ် လို့ တောင် ညည်းမိလေရဲ့

ဒီနေ့ မနက် အိပ်ယာနိးတော့ မိုးကတော်တော် အုံ့နေတာ… လေတွေကလည်းတိုက်နေတာ အရမ်းပဲ အေးကအေးနဲ့ဖြစ်နိင်ရင် အိပ်ယာထဲကွေးနေချင်လိုက်တာ… သြော် သူ့ဆန်စား ရဲမှပေါ့… မျက်နှာသစ်သွားတိုက် ထမင်းတောင်မစားနိင်ပါဘူး .. နောက်ကျနေပြီဆိုပြီးထွက်လာလိုက်တာ ထီးယူခဲ့ဖို့မေ့သွားတယ်.. အိမ်အပြင်ရောက်မှ ထီးကျန်ခဲတာ သတိရတော့ ပြန်လှည့်ယူမယ်အလုပ် ညကသတင်း ထဲမှာလာတာကိုသတိရသွားမိတယ်လေ……..မိုးမရွာဘူးတဲ့ …. ပြန်လှည့်ရင်လည်း နောက်ကျတော့မယ်….ကဲမထူးပါဘူးဆိုပြီး ဇွတ်ထွက်လာလိုက်တာ တကယ်ပါဗျာ တစ်နေ့လုံး မိုးကိုတစ်စက်မှမရွာခဲ့ဘူး …မိုးကတော့ အုံ့နေတာပဲ လေကတော့တိုက်နေတာပဲ ရေမပါတာခက်တယ်လို့တောင်ညည်းမိတယ် .. တောင်ကလာမှမိုးဆိုတော့ ဒီကောင်ဘယ်ကထွက်လာလို့မိုးမဟုတ်တာလည်းမသိဘူး ……

အသွားတုန်းကတော့ မိုးမရွာလို့တော်သေးရဲ့ အပြန်ကျရင်ကောမိုးမိအုံးမှာလားလို့ စိတ်ကတွေးနေမိတာတော့ အမှန်ပါ…..မိုးကလည်းတစ်နေကုန်ကို အုံ့နေတာ ဟိုးအဝေးမှာမြင်နေရတဲ့တောင်တန်းလေး တောင် မျက်စိအောက်ကနေပျောက်နေတယ် .. အရင်တုန်းကဆို အလုပ်လုပ်နေရင်း အဲ့ဒီတောင်တန်းလေးကို ကြည့်မိရင် စိတ်ကအတိတ်ကိုရောက်ရောက် သွားမိတာ အမှန်ပဲ ….ဒီနေ့တော့ တောင်တန်းကြီးကို မတွေ့မိတော့ စိတ်ထဲမှာတစ်ခုခုလိုအပ်နေသလိုပါပဲ…………မိုးကအဲ့ဒီလောက်တောင်အုံ့မှိုင်းနေတာ……ဒီအချိန်တောက်တဲ့အော်လို့ကတော့ လိုက်ရည်ပြီးသားပဲ… မိုးလားလေလား လို့ …..

တကယ်ပါဗျာ … ဒီနေ့လေ မိုးတစ်စက်မှမရွာခဲ့ဘူး…….ဒါပေမယ့် ကျွန်တော့်နားထဲမှာတော့ ရွာရန်ရွာနှုန်း ၅၀ ရှိသည်ဆိုတာကြီးကို သတိရမိနေတုန်းပဲ ……………..

{နှောင်းဝဿန်}

2 comments:

On April 23, 2009 at 1:01 AM , သူဇာ said...

ဒီဝတ္ထုလေးကောင်းလိုက်တာ။ မိုးက ဘယ်နှစ်ရာခိုင်နှုံး ဖြစ်မှ ရွာမှာလဲဟင် :P....။ နောက်လည်းလာအားပေးမယ်။

 
On July 18, 2009 at 1:33 AM , Anonymous said...

မမ က ကျူရှင်ကို 10 တန်းမှစတက်တာ မနက်ကျရင် အိပ်ယာအစောမထချင်လို့ ပြီးတော့မိုးရွာယင် ထီးတစ်ဖက်နဲ့ စက်ဘီးစီးရတာခက်လို့ ထီးလည်းမကိုင် ချင်ဘူး မမတို့ဒေသက မိုးရွာယင် ရေတံခွန်စီးကျ သလိုဘဲ မနက် 6 နာရီလောက်ထပြီး ကျူရှင်သွားခါနီးလို့ ကောင်းကင်ကိုမော့ကြည့်ပြီး အဖေ့ကို ဒီနေ့မိုးရွာမှာ လားလို့ အနက်တိုင်းမေးတယ် မိုးရိပ်တွေရှိရှိ မရှိရှိ အဖေက အေးရွာမယ်ဆိုထီးကို ယူသွားတယ်၊ မိုးရိပ်တွေရှိနေယင်လည်း မရွာဘူးလို့ပြောနေ့ကျယင် ထီးမယူဘူး၊ ထီးမယူတဲ့နေ့တွေလည်း မိုးမရွာတာများပါတယ် တို့အဖေရဲ့ မိုးဗေဒင်ကတော့ ရွာရန်ရာနှုန်း 90 လောက်ကတော့မှန်ပါတယ်၊ မမက မိုးနဲ့ ပတ်သက်ပြီးတော့ အမှတ်တရတွေ တိုက်ဆိုင်မှုတွေ နဲနဲများတယ် သူ့ရေးစာကမဆိုးပါဘူး ပြီးတော့နဲနဲပြုံးမိသေးတယ်၊ ဘာဖြစ်လို့လဲဆိုတာ စဉ်းစားမိမှာပါ