ငိုမနေပါနဲ့  မိုးရယ်..
ကိုယ်ဟာ...လေနီကြမ်းမဟုတ်တဲ့
လေပြေညှင်းပါ...။
မင်သာခွင့်ပြုမယ်ဆို..
ငွေ့ ရည်ဖွဲ့ လာတဲ့ သောကတွေကို
တို့ နဲ့ ဝေးရာဆီ နှင်ပစ်နှိင်စွမ်းပါရဲ့လေ...။
ဘယ်လိုဖျောင်းဖျ နှစ်သိမ့်လို့ မှမရဘူး
ရွာရန်ရာနှုံးပြည့် ရှိသည်ဆိုတဲ့အမိန့် မှာ
မိုးဟာ.....နှလုံးသား အသစ်ဖွင့်ပွဲကို
မဖြစ်မနေ ဖဲကြိုးဖြတ်လိုက်ရရဲ့တဲ့လား...။
ငိုမနေပါနဲ့  လေပြေညှင်းရယ်တဲ့....
ဒီရင်ခွင်မှာ အမြဲစိမ်းတောအုပ်တွေ
ပစ်ပေါက်စိုက်ပျိုးခဲ့ပီးမှ စကားလေးတခွန်း
နှစ်သိမ့်လာတယ်....။
ငါမငိုပါဘူး မိုးရယ်....
ငါ...ဟားတိုက်ရယ်မောနေတာပါ။။။။။။။။
သိပ်ကိုကြောက်စရာကောင်းတဲ့......
အချစ်ဆိုတဲ့ ပျက်လုံးတစ်ခုကိုပေါ့....။
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... ဝေမင်း......)
စိန်ဂေါ်လီတစ်ယောက် – ၂ (စိုင်းဝင်းမြင့်)
7 years ago
7 comments:
မငိုပါနဲ့လို့ ပြောသားပဲ
အွန်.. အချစ်ကို ပျက်လုံးတစ်ခုတဲ့လား... ခံစားသွားပါတယ်ဗျာ...
ငါမငိုပါဘူးမိုးရယ် ...
မိုက်တယ် အစ်ကိုက ကဗျာရေးလည်းကောင်းတာပဲကိုး
ကောင်းတယ် သယ်ရင်း
မှန်တယ်ကွာ သိပ်ကိုကြောက်စရာကောင်းတဲ့အချစ်ဆိုတဲ့ပျက်လုံး
တစ်ခုကိုပေါ့
ကောင်းတယ်..အားပေးသ္ဂားပါတယ်
ပျော်ပါစေ
သိပ်လဲ ရယ်မနေနဲ့ဦး သွားတွေ အအေးပါတ်ကုန်မယ်...။
သူငယ်ချင်းဝေမင်းရေ . . .
ငွေ့ရည်ဖွဲ့သောကတွေကို ဝေးရာဆီနှင်နိုင်တဲ့ လေပြည်ညင်းကလေးတော့.. မြတ်မယ်လဲ ဖြစ်ချင်တယ်ဟာ . . . ..