ဟိုတစ်ဖက်ကမ်းဆီမှာ
ရန်သူမျိုးငါးပါးနဲ့  ဆိုင်တဲ့ ပစ္စည်းဥစ္စာ
ဒီတစ်ဖက်ကမ်းဆီမှာ
အနာရောဂါက ပိုင်တဲ့ အသက်ခန္ဓာ
မြင်တတ်ရင် ရှင်သန်စီးဆင်းမှုတိုင်းမှာ
ကမ်းပါးနှစ်ဖက်နဲ့  ဘောင်ခတ်ခဲ့ပြီးသား..။
လူသားမြစ်တစ်စင်းရဲ့  စီးဆင်းမှုမှာ
ဖခင်အမည်မဖော်ဝံ့တဲ့ ကိုယ်ဝန်လို
ကွေ့ ကောက်ခဲ့ကြခြင်းတွေ ဒါဟာ..
တိုက်စားဖျက်ချန်ထားရမယ့် မြစ်ကျိုးအင်းဆို
နေရစ်ခဲ့တော့ သောကပြင်...။
အရိုးဖြောင့်ဆုံး ဆင်းရဲတတ်တဲ့
ဘ၀တစ်ခုလောက် ဘယ်ကောင်းကင်မှ..
သောကကင်းကင်းကြယ်မစုံဘူး......။
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... ဝေမင်း......)
စိန်ဂေါ်လီတစ်ယောက် – ၂ (စိုင်းဝင်းမြင့်)
7 years ago
5 comments:
ဘာပြောရမှန်းတောင် မသိတော့ဘူး။ ကောင်းတယ် ကဗျာလေး
ဟိုတစ်ဖက်ကမ်းဆီမှာ
ရန်သူမျိုးငါးပါးနဲ့  ဆိုင်တဲ့ ပစ္စည်းဥစ္စာ
ဒီတစ်ဖက်ကမ်းဆီမှာ
အနာရောဂါက ပိုင်တဲ့ အသက်ခန္ဓာ
ကောင်းလိုက်တဲ့ စာလေးဗျာ..
အားပေးသ္ဂားပါတယ်ခင်ဗျာ။
ကဗျာလေးက ကောင်းတယ်ဗျာ။ တို့အကိုရေ သေသေချာချာ သုံးခေါက်ဖတ်သွားတယ်။ ပျော်ရွှင်ပါစေ။
ညီမလေး ပါးလုံး
အရိုးဖြောင့်ဆုံး ဆင်းရဲတတ်တဲ့
ဘ၀တစ်ခုလောက် ဘယ်ကောင်းကင်မှ..
သောကကင်းကင်းကြယ်မစုံဘူး......။
ဟုတ်ပါ့ မှန်လိုက်လေ
စိတ်ကျနေသူအတွက်တော်တော် ထိရောက်နိုင်တဲ့ စာစု လေးပါဗျာ